جاري تحميل ... مدونة نور الدين رياضي للعمل السياسي والنقابي والحقوقي

أخبار عاجلة

إعلان في أعلي التدوينة

كلمة اللجنة المركزية للحزب الشيوعي البورمي بمناسبة الذكرى السادسة والثمانين لتأسيس الحزب

 

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၈၆ နှစ်မြောက်မွေးနေ့အတွက် ပါတီဗဟိုရဲ့ အမှာစကား
By admin | August 15, 20250 Comment
ဒီနေ့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ (၈၆) နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။
ဒီနေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ ပြည်တွင်းဒေသအသီးသီးက လက်နက်ကိုင် တိုက်ပွဲဝင်နေကြ တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်မှူး ၊ တပ်သားများနဲ့ အတူ ပါဝင်တက်ရောက် အထိမ်းအမှတ် ပြုကြရတာကြောင့် ဝမ်းမြောက်မိပါတယ်။ ရဲဘော်အားလုံးကို အလေးနီပြုလိုက်ပါတယ်။ ပါတီ စတင် ထူထောင်ခဲ့ချိန်မှစ ဒီနေ့ထိ ပြည်သူလူထုနဲ့ ပါတီအကျိုးအတွက် လုံးပန်းတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်များအားလုံးကိုလည်း ဦးညွှတ်အလေးပြုလိုက်ကြောင်း ပြောလိုပါတယ်။
ပါတီရဲ့သမိုင်းမှာ မြေအောက်ပါတီအဖြစ်၊ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ ပါတီအဖြစ် အနိမ့်အမြင့်၊ အတက်အကျ ကာလအသီးသီးကို ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာပါတီဟာ မြေအောက်ပါတီ အနေအထားရော၊ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ပါတီ အနေအထားနဲ့ပါ ပုံစံနှစ်မျိုးလုံးနဲ့ ရပ်တည်တိုက်ပွဲ ဝင်နေတဲ့ကာလ ဖြစ်ပါတယ်။
၁၉၉၀ မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြေအောက်ပါတီအဖြစ် ရပ်တည်ရင်း ဗမာပြည်ရဲ့ ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွဲခဲ့ပါတယ်။ မြေအောက်ပါတီအဖြစ်ရပ်တည်ရင်း လက်နက်ကိုင်တိုက်ပွဲ ဆင်နွဲနိုင်ရေးအတွက် ပြင်ဆင်ကြိုးပမ်းမှုကို တလျှောက်လုံး လုပ်လာရင်းက ၂၀၂၁ မှာ နွေဦး တော်လှန်ရေးလို့ ခေါ်ကြတဲ့ ပြည်သူလူထုကြီးရဲ့ စစ်အုပ်စုဆန့်ကျင်ရေး တော်လှန်ရေး ဒီရေမြင့်တက်လာတာ နဲ့ ကြုံခဲ့ရပါတယ်။
ဒီတော်လှန်ရေး ဒီရေအတက် နဲ့အတူ ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို ပြန်လည်ထူထောင်တိုက်ပွဲဝင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစွမ်းဆောင်နိုင်မှုဟာ ပါတီသမိုင်းမှာ အလွန်ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကောင်းတဲ့ ဖြစ်စဉ်ကြီးတခုအဖြစ် သမိုင်းမှတ်တမ်းတင်ရမှာပါပဲ။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အဖြစ် ရပ်တည် တိုက်ပွဲဝင်နိုင်လာအောင် လုံးပန်းအားထုတ်ခဲ့ ကြတဲ့ ရဲဘော်များကို ဂုဏ်ပြုချီးကျူးကြရမှာ ဖြစ်သလို၊ ဒီလို ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အဖြစ် ထူထောင်နိုင်အောင်ကြိုးပမ်းရာမှာ အဖက်ဖက်က ဝိုင်းဝန်းကြိုးပမ်း အကူအညီ ပေးခဲ့ကြတဲ့ မိတ်ဆွေများနဲ့ မဟာမိတ်များ အားလုံးကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ဂုဏ်ပြု ရမှာပါပဲ။
ဗမာပြည်ရဲ့ ဒီနေ့အခြေအနေက စစ်အုပ်စု ရဲ့ အုပ်စိုးမှုအောက်မှာ ကျရောက်နေဆဲပဲ ဖြစ်ပြီး၊ ဒီစစ်အုပ်စုရဲ့ အုပ်စိုးမှုကို အများစု ပြည်သူလူထုကြီးနဲ့ နိုင်ငံရေးအင်အားစုအသီးသီး၊ လူမျိုးစုလက်နက်ကိုင်အင်အားစု အသီးသီးတို့က တခဲနက် လက်နက်ကိုင်အုံကြွ ဆန့်ကျင်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
၂၀၂၁ ကစပြီး ဆင်နွဲလာတဲ့ ပြည်သူလူထုကြီးရဲ့ ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးဟာ (၄)နှစ် ကာလတိုင်လာခဲ့ပြီး ဒီ(၄)နှစ်အတွင်း အကောင်းရောအဆိုးပါ အတော်ကြီးမားတဲ့ တော်လှန်ရေး အတွေ့အကြုံ တွေ ရရှိခဲ့ပြီး ရင့်ကျက်မှုတစုံတရာ ရှိလာခဲ့ပြီလို့ ဆိုရမှာပါပဲ။ ဒီ (၄) နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုများရဲ့ လက်နက်ကိုင်တော်လှန် ပုန်ကန်တိုက်ပွဲဝင်မှုဟာ ကြီးမားတဲ့ အောင်ပွဲတွေရရှိခဲ့ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် ၁၀၂၇ (တစ် သုည နှစ် ခွန်) စစ်ဆင်ရေး ဆင်နွဲစဉ်က လူမျိုးစုလက်နက်ကိုင်အင်အားစုများနဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ပွဲ ဝင်နိုင်ခဲ့ချိန်က အောင်ပွဲတွေ အလီလီရရှိခဲ့တာ ဖြစ်ပါတယ်။ မြို့တချို့နဲ့ စစ်နေရာအတော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အတော်များများ သိမ်းပိုက်ရရှိခဲ့တဲ့ အောင်မြင်မှုဟာ ဒီမိုကရေစီတော်လှန်ရေးအတွက် ကြီးမားတဲ့ အထောက်အကူနဲ့ အကျိုးရလဒ်များ ရရှိစေခဲ့ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ ဒီ ၁၀၂၇ (တစ် သုည နှစ် ခွန်) စစ်ဆင်ရေးအတွင်းမှာ တိုက်ပွဲအတွေ့အကြုံတွေ သင်ယူရရှိလာခဲ့ပြီး၊ လက်နက် ခဲယမ်းများလည်း ရရှိခဲ့ကာ တပ်တွေတိုးချဲ့တည်ဆောက်ပြီး၊ ဒေသအတော်များများကို တိုးချဲ့ လှုပ်ရှား တိုက်ခိုက်လာနိုင်တဲ့ စွမ်းရည်တွေ ရရှိခဲ့တာကို ကန်ဒေါင့်တိုက်ပွဲရဲ့ အောင်ပွဲက သက်သေထူ ပြသနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအခြေခံပေါ်ကနေ ရှေ့ဆက်ပြီး ဖြစ်ပေါ်တိုးတက်လာအောင် ကြိုးစားသွားကြရမှာပဲ ဖြစ်ပါတယ်။
ဒီနေ့ကာလမှာ ရန်သူက သူ့အင်အားကို တစုံတရာပြန်လည်တည်ဆောက်လာနိုင်ပြီး နေရာတချို့ကို ပြန်လည် သိမ်းယူလာနိုင်တာ တွေ့လာရပါတယ်။ ၂၀၂၅ ဩဂုတ်လ (၁)ရက်ကစပြီး မင်းအောင်လှိုင် ရဲ့ စစ်အုပ်စုသစ် စတင်ဖွဲ့စည်းပြီး၊ ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဆက်လက်ကိုင်ဆွဲကာ ရွေးကောက်ပွဲ လုပ်ပြီး အစိုးရသစ်တခု ထူထောင်ဖို့ကြိုးပမ်းလာခဲ့ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြုလုပ်နိုင်မည့် နယ်မြေတိုးတက်ရရှိလာရေးအတွက် စစ်ဆင်ရေးများ တိုးချဲ့ပြုလုပ်ပြီး နယ်မြေတချို့ သိမ်းနိုင်ဖို့ လုပ်နေသလို၊ တဖက်မှာတွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းကိုအသုံးပြုပြီး မြို့တချို့ ပြန်လည်ရရှိအောင် ကြိုးစားနေပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုမျိုးဆက်သစ် ထူထောင်မှုအတွင်း အုပ်စုဖွဲ့မှု အသစ်တွေ‌ကြောင့် ဖယ်ရှားခံ ရတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မကျေလည်မှုများရဲ့ ရိုက်ခတ်မှုတွေကြောင့် စစ်အုပ်စုတွင်း စည်းလုံးညီညွတ်မှုဟာ အတော်အား ပျော့နေပါတယ်။ တဘက်မှာ (၂၀၂၁) စစ်အာဏာသိမ်းမှုကို မကျေနပ်ကြလို့ စစ်အုပ်စုဆန့်ကျင် ရေး စိတ်ဓာတ်အခံရှိကြတဲ့ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ယူစုဆောင်းခဲ့ပြီး၊ ဒီတပ်သားသစ် အများစုနဲ့ စုဖွဲ့ထားတဲ့ တပ်တွေသုံးပြီး စစ်ဆင်ရေး ပြုလုပ်နေတာကြောင့် ရန်သူရဲ့ စစ်ဆင်ရေးတွေဟာ မတက်ကြွတဲ့ စစ်ဆင်ရေး၊ အားမကောင်းတဲ့ စစ်ဆင်ရေးများ ဖြစ်နေပြီး စစ်နေရာတခုကို သိမ်းပိုက်မိဖို့ လေကြောင်းစစ်ကူတွေ အများကြီး သုံးပြီး အားဖြည့်ပေးနေရတဲ့ အနေအထား ဖြစ်နေပါတယ်။
ဒါကြောင့် ဒီနေ့အခြေအနေဟာ ရန်သူက နေရာတချို့မှာ ထိုးစစ်ဆင်လာနေပြီး၊ တော်လှန်ရေး အင်အားစုတွေက ခံစစ်ဆင်နေကြရတဲ့ အနေအထား တချို့ရှိလာနေပါတယ်။ တပြည်လုံးအနေနဲ့ ကြည့်ရင် စစ်မျက်နှာက ကျယ်ပြန့်ပြီး ရန်သူဟာ တချို့နေရာမှာထိုးစစ်၊ တချို့နေရာမှာ ခံစစ်ဖြစ်နေဆဲ အခြေ အနေကို တွေ့နေရပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ပြောက်ကျားစစ်၊ လှုပ်ရှားစစ်တွေကို ပေါင်းစပ် ဆင်နွဲပြီး ရန်သူ့စစ်နေရာတွေကို သိမ်းပိုက်နိုင်တဲ့ တိုက်ပွဲများကို ဆက်လက်ဆင်နွဲ နိုင်နေကြဆဲ ဖြစ်ပါတယ်။
ဒီလို လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုဟာ တပြေးညီမဟုတ်ဘဲ အတက်အကျရှိ နေပေမယ့် နေရာအသီးသီးက တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကတော့ မြင့်မားပြီး အောင်ပွဲများ ဆက်လက်ရရှိဖို့ ကြိုးစားတိုက်ပွဲဝင်နေကြတာ တွေ့မြင်နေရပါတယ်။ ရန်သူရဲ့ လေကြောင်း အားသာမှုရဲ့ ထိရောက်မှုကို လျော့ချနိုင်စေပြီး၊ မိမိတို့ရဲ့ အားသာတဲ့ တိုက်နည်းများကို တိုးမြှင့် အသုံးချကာ ရန်သူကို ပိုမိုချေမှုန်းသွားနိုင်ဖို့ ကြိုးစားနေကြတာတွေ့ မြင်ရလို့လည်း ဝမ်းမြောက်မိပါတယ်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟာလဲ ဒီစစ်ရေးအခြေအနေများအတွင်းမှာပဲ တိုက်ပွဲ ဝင်နေရ တာကြောင့် အလားတူအခြေအနေမျိုးတွေကို ရင်ဆိုင်ကျော်လွှားနေကြတယ်လို့ ဆိုရမှာပါ။ ဒီအခြေအနေ အပြောင်းအလဲတွေကို အကောင်းဆုံး တွက်ချက်ပြင်ဆင်ပြီး ရန်သူကို အကောင်းဆုံး တုံ့ပြန် တိုက်ပွဲဝင်သွား နိုင်ဖို့ ကြိုးစားနေကြတာတွေ့ရလို့လည်းဝမ်းမြောက်မိပါတယ်။
အရှေ့မြောက် ပါတီဗဟို ပြိုကွဲပြီး (၁၀၁) စစ်ဒေသဘက်မှာ ပါတီဗဟို အခြေပြုနေရတဲ့ ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ (၅၀)နှစ်မြောက် မွေးနေ့ကျရောက်ခဲ့ပါတယ်။ ပါတီဥက္ကဋ္ဌ သခင် ဗသိန်းတင် က ပါတီမွေးနေ့ကို သူ ရောက်နေတဲ့ ပန်ဝါ မှာကျင်းပပြီး၊ ဖွဲ့စည်းစ တပ်တွေနဲ့ အတူရှိနေတဲ့ ရဲဘော်ထွန်း က ကန်ပိုင်တီ မှာ ကျင်းပခဲ့ကြတာကို အမှတ်ရမိပါတယ်။ ဒီတုန်းက ဥက္ကဋ္ဌ က နှစ်(၅၀)မြောက် အထိမ်းအမှတ် မိန့်ခွန်းပြောခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲမှာ “ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အနှစ် ၅၀ သမိုင်းသည် ပစ္စည်းမဲ့ပါတီအလံ နှင့် ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တိုက်ပွဲအလံ လွှင့်ထူနိုင်ရေးအတွက် တဗိုလ်ကျ တဗိုလ်တက် စနစ်ဖြင့် မျိုးဆက်တဆက်ပြီး တဆက် ချီတက်တိုက်ခိုက်ခဲ့သည့် သမိုင်းပင် ဖြစ်သည်” လို့ ပြောခဲ့တာကို အမှတ်ရမိပါတယ်။ ဒါပေမဲ့ နောက်(၁) နှစ်အတွင်းမှာပဲ ကြီးမားတဲ့ အခြေအနေ အပြောင်းအလဲ များနဲ့ အညီလုပ်ဆောင်ဖို့ လိုအပ်လာတာကြောင့် ပါတီရဲ့ အဲဒီတပ်ဟာ ဖျက်သိမ်းခဲ့ရပြီး၊ ပါတီဗဟိုလည်း မြေအောက်ပါတီ အဖြစ်ပြောင်းလဲခဲ့ရတဲ့ အခြေအနေနဲ့ ကြုံကြိုက်ခဲ့ရပါတယ်။ ကျနော်တို့တပ်ဟာ ဥက္ကဋ္ဌ ပြောသလို အကောင်အထည်ပေါ်အောင် လုပ်ဆောင်နိုင်တဲ့ အခြေအနေ မရောက်ရှိခဲ့ပါဘူး။
အခု လက်ရှိပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကတော့ ပြည်တွင်းမှာ အခြေပြုနိုင်နေပြီး၊ အခြေပြုရာဒေသက လူထုတွေရဲ့ ထောက်ခံမှုကိုလည်းရယူ စည်းရုံးနိုင်နေပြီ ဖြစ်တာကြောင့် ဥက္ကဋ္ဌ သခင်ဗသိန်းတင် ပြောခဲ့တဲ့ ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးအလံကို လွှင့်ထူနိုင်တဲ့ မျိုးဆက်များအဖြစ် ဂုဏ်ယူရင်း ဆက်လက်မြင့်မားစွာလွှင့်ထူ သွားနိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိကြောင်း ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။ ။

كلمة اللجنة المركزية للحزب الشيوعي البورمي بمناسبة الذكرى السادسة والثمانين لتأسيس الحزب
بقلم: الإدارة | 15 أغسطس 2025

اليوم هو الذكرى السادسة والثمانون لتأسيس الحزب الشيوعي البورمي.
في هذا اليوم، يسرّنا أن نحتفل إلى جانب القادة والجنود المقاتلين في جيش تحرير الشعب الذين يخوضون المعارك المسلحة في مختلف المناطق داخل بورما. نحييهم جميعًا بإجلال وننحني تكريمًا لكل الشهداء الذين ضحّوا بحياتهم من أجل الشعب ومن أجل الحزب منذ لحظة تأسيسه وحتى اليوم.

لقد مرّ الحزب عبر تاريخه بمحطات مختلفة صعودًا وهبوطًا، كحزب سري تحت الأرض وكحزب يقاتل بالسلاح. واليوم، يواصل الحزب نضاله على كلا الجبهتين: حزب سري وحزب مقاتل بالسلاح.

في عام 1990، انخرط الحزب الشيوعي البورمي في النضال من أجل الثورة الديمقراطية الشعبية وهو في حالة العمل السري، وقد واصل الإعداد للنضال المسلح. وفي عام 2021، عندما اندلعت ثورة الربيع الشعبي ضد المجلس العسكري، وجد الحزب نفسه أمام مرحلة جديدة ارتقى فيها مستوى الثورة.

مع هذا المد الثوري، تمكن الحزب من إعادة تأسيس جيش تحرير الشعب والعودة إلى ميدان القتال. هذا الإنجاز سيُسجَّل كصفحة مشرقة ومشرّفة في تاريخ الحزب.

إننا نحيّي ونكرّم جميع الرفاق الذين بذلوا جهدًا كبيرًا لتمكين جيش تحرير الشعب من الصمود والمشاركة في القتال. كما نعبر عن امتناننا واعترافنا بالدعم الذي قدمه الأصدقاء والحلفاء من مختلف الجهات لإنجاح هذا المسار.

لا يزال الوضع في بورما تحت سيطرة المجلس العسكري، إلا أن الأغلبية الساحقة من الشعب، والقوى السياسية، ومختلف الجماعات القومية المسلحة يخوضون نضالًا مسلحًا ضد هذه السلطة العسكرية.

لقد مرّت أربعة أعوام منذ اندلاع الثورة الديمقراطية المسلحة في 2021. وخلال هذه الأعوام الأربعة، اكتسبت قوى الثورة خبرات عظيمة في القتال، وحققت نضوجًا سياسيًا وعسكريًا. وقد انتصرت قوات الثورة المسلحة في معارك كبيرة، خاصة في حملة 1027 حيث تمكنت قوات المقاومة الديمقراطية والقوات القومية المسلحة من شنّ هجمات مشتركة حققت انتصارات كبيرة، واستولت على مدن ومواقع عسكرية، وكذلك على كميات كبيرة من السلاح والذخيرة، وهو ما ساهم بشكل حاسم في تقدم الثورة الديمقراطية.

جيش تحرير الشعب استفاد من هذه التجربة، وحصل على موارد عسكرية عززت من قدراته على التوسع وبناء قوات جديدة والتحرك في مناطق أوسع. لقد أثبتت معركة كاندونغ أن الجيش اكتسب خبرة قتالية وقدرة متزايدة على التوسع الهجومي.

ومع ذلك، فإن العدو أعاد تنظيم بعض قواته، واستعاد السيطرة على بعض المواقع. وفي أغسطس 2025، شكّل مين أونغ هلينغ مجلسًا عسكريًا جديدًا يسعى لإجراء انتخابات تحت دستور 2008 لتشكيل حكومة جديدة. يحاول العدو استعادة الأرض بالهجمات العسكرية من جهة، وبالمفاوضات السياسية من جهة أخرى. غير أن الانقسامات الداخلية والاحتقان في صفوف ضباط الجيش الذين أُقصوا من القيادة أدت إلى إضعاف تماسك المجلس العسكري. كما أن التجنيد القسري للشباب الرافضين للانقلاب ولّد جيشًا ضعيف المعنويات، يعتمد بشكل كبير على الغارات الجوية لتعويض ضعف عملياته البرية.

لذلك، فإن الوضع الراهن يتميز بمعارك كرّ وفرّ: العدو يهاجم في بعض المناطق ويُدافع في مناطق أخرى، بينما تواصل قوى الثورة شنّ عمليات مباغتة وكمائن مسلحة ناجحة تستهدف مواقع العدو. ورغم أن التطور العسكري للثورة ليس خطيًا، فإن عزيمة المقاتلين مرتفعة، والعمليات مستمرة في تحقيق مكاسب ملموسة.

من المشجع أن العدو، رغم تفوقه الجوي، يواجه صعوبات في فرض سيطرته، بينما تبتكر قوى الثورة أساليب تكتيكية تزيد من قدرتها على إضعافه وتكبيده خسائر متزايدة.

اليوم، يقاتل جيش تحرير الشعب داخل البلاد بدعم من الجماهير الشعبية في المناطق التي يعمل منها، وهو ما يؤكد أن الجيل الحالي يجسد ما قاله الرفيق الرئيس ثاخين باسين تين في الذكرى الخمسين للحزب سنة 1989: أن راية الكفاح المسلح الثوري ستظل مرفوعة جيلًا بعد جيل.

إننا على يقين بأن راية الثورة المسلحة للحزب ستستمر في الارتفاع عاليًا وبفخر عبر الأجيال القادمة.


Statement of the Central Committee of the Communist Party of Burma on the 86th Anniversary of the Party’s Founding
By Admin | August 15, 2025

Today marks the 86th anniversary of the founding of the Communist Party of Burma.
On this day, we are proud to commemorate alongside the commanders and fighters of the People’s Liberation Army who are engaged in armed struggle across different regions of Burma. We salute all our comrades with deep respect and bow our heads in honor of all those who have sacrificed their lives for the people and for the Party since its foundation.

Throughout its history, the Party has endured ups and downs, periods of underground activity, and times of open armed struggle. Today, it continues to fight on both fronts: as an underground party and as an armed organization.

In 1990, the CPB, while working underground, participated in the people’s democratic revolution and prepared for armed struggle. In 2021, with the outbreak of the Spring Revolution against the military junta, the revolutionary tide rose, opening a new phase.

This enabled the Party to rebuild the People’s Liberation Army and return to the battlefield—an achievement that stands as a proud milestone in Party history.

We pay tribute to the comrades who dedicated themselves to making the PLA a fighting force once again, and we extend our gratitude to friends and allies who supported this endeavor.

The country remains under military dictatorship, yet the overwhelming majority of the people, political forces, and ethnic armed groups are engaged in resistance.

Four years have passed since the armed democratic uprising of 2021. During these years, revolutionary forces have gained rich experience, maturity, and important victories—particularly during the Operation 1027 joint offensive, where democratic resistance and ethnic armed organizations united to capture towns, seize weapons, and deal heavy blows to the enemy.

The PLA has grown stronger from this experience, expanding its forces and territorial reach. The victory at Kandawn demonstrated its improved capabilities and provided a foundation for further development.

However, the enemy has reorganized, recovering some ground. Since August 2025, Min Aung Hlaing has formed a new military council, seeking to hold elections under the 2008 Constitution. Yet internal splits, discontent among dismissed generals, and reliance on forcibly conscripted youth have weakened the junta’s cohesion and combat capacity, forcing them to depend heavily on airpower.

Thus, today’s battlefield remains fluid: the enemy attacks in some areas and defends in others, while revolutionary forces continue guerrilla warfare, raids, and offensives with determination. The struggle develops unevenly, with ups and downs, but the revolutionary spirit remains high, and successes continue.

Despite the enemy’s air superiority, revolutionary tactics are reducing its effectiveness and striking increasingly heavy blows.

Today, the PLA fights on home soil, with the backing of the people in its base areas. This confirms the vision expressed in 1989 by Party Chairman Thakin Ba Thein Tin: that the banner of armed revolution will continue to be carried proudly from generation to generation.

We are confident that the Party’s revolutionary banner will keep flying high with honor through the coming generations.


Declaración del Comité Central del Partido Comunista de Birmania con motivo del 86º aniversario de la fundación del Partido
Por Admin | 15 de agosto de 2025

Hoy se cumplen 86 años de la fundación del Partido Comunista de Birmania.
En este día nos enorgullece conmemorar junto a los comandantes y combatientes del Ejército Popular de Liberación que participan en la lucha armada en distintas regiones del país. Saludamos a todos los camaradas con profundo respeto e inclinamos nuestras cabezas en honor a quienes dieron su vida por el pueblo y por el Partido desde su fundación.

A lo largo de su historia, el Partido ha atravesado altibajos, periodos de actividad clandestina y de lucha armada abierta. Hoy continúa luchando en ambos frentes: como partido clandestino y como organización armada.

En 1990, el PCB, trabajando en la clandestinidad, participó en la revolución democrática popular y se preparó para la lucha armada. En 2021, con el estallido de la Revolución de Primavera contra la junta militar, la marea revolucionaria ascendió, abriendo una nueva fase.

Esto permitió al Partido reconstruir el Ejército Popular de Liberación y regresar al campo de batalla, un logro que constituye un hito orgulloso en la historia del Partido.

Rendimos homenaje a los camaradas que se entregaron para hacer del EPL una fuerza de combate nuevamente, y expresamos nuestra gratitud a los amigos y aliados que apoyaron este empeño.

El país sigue bajo la dictadura militar, pero la gran mayoría del pueblo, de las fuerzas políticas y de las organizaciones armadas étnicas participa activamente en la resistencia.

Han pasado cuatro años desde el levantamiento democrático armado de 2021. Durante estos años, las fuerzas revolucionarias han adquirido una gran experiencia, madurez y victorias significativas, especialmente durante la Operación 1027, cuando la resistencia democrática y las organizaciones armadas étnicas unieron fuerzas para conquistar ciudades, incautar armas y asestar duros golpes al enemigo.

El EPL se ha fortalecido con esta experiencia, ampliando sus fuerzas y su alcance territorial. La victoria en Kandawn demostró sus capacidades mejoradas y sentó las bases para un mayor desarrollo.

Sin embargo, el enemigo se ha reorganizado y ha recuperado algunas posiciones. Desde agosto de 2025, Min Aung Hlaing formó un nuevo consejo militar, buscando celebrar elecciones bajo la Constitución de 2008. Pero las divisiones internas, el descontento de generales apartados y la dependencia de jóvenes reclutados a la fuerza han debilitado la cohesión y la capacidad de combate de la junta, obligándola a depender en gran medida del poder aéreo.

Así, el campo de batalla actual sigue siendo cambiante: el enemigo ataca en algunas zonas y se defiende en otras, mientras que las fuerzas revolucionarias continúan con guerrillas, emboscadas y ofensivas con gran determinación. La lucha se desarrolla de forma desigual, con avances y retrocesos, pero el espíritu revolucionario permanece alto y las victorias continúan.

A pesar de la superioridad aérea del enemigo, las tácticas revolucionarias están reduciendo su eficacia y logrando golpes cada vez más duros.

Hoy, el EPL combate en suelo patrio con el apoyo del pueblo en sus áreas de base. Esto confirma la visión expresada en 1989 por el presidente del Partido, Thakin Ba Thein Tin: que la bandera de la revolución armada seguirá en alto, orgullosamente, de generación en generación.

Tenemos la certeza de que la bandera revolucionaria del Partido continuará ondeando en lo alto con honor a lo largo de las generaciones venideras.



ليست هناك تعليقات:

إرسال تعليق

إعلان في أسفل التدوينة

إتصل بنا

نموذج الاتصال

الاسم

بريد إلكتروني *

رسالة *